မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ယမန်နေ့က လုံခြုံရေးပူးပေါင်းအဖွဲ့သည် သတင်းအရ ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များအား စစ်ဆေးနေစဉ် ကာလိမြို့ဘက်မှ
တာကော်တံတားဘက်သို့ စိုင်းဖြိုးဝေသန့်(ဘ) ဦးမောင်ရီ၊ ၂၇ နှစ်၊ စိုင်းအိုက်မွမ်း(ဘ) ဦးစိုင်းနောင့်၊ ၂၆ နှစ်၊ မောင်းနှင်လာသော ယာဉ်အမှတ်၊
SHN 4Q-4263 (Nissan/ အဖြူရောင်) ၁၂ ဘီး မော်တော်ယာဉ် (လိုင်စင်စိစစ်ဆဲ)အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ဆန်အိတ်နှင့်
မုန့်ဖာများဖြင့် ဖုံး၍ သိုဝှက်ကာ ဆာလာအိတ်ဖြင့် သယ်ဆောင်လာသော
– ICE မူးယစ်ဆေးဝါး
– စုစုပေါင်းအလေးချိန် ၁၀၉၆ ကီလိုဂရမ်၊
– ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၅၃,၄၄၀ ကျပ် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။