မုံရွာမြို့နယ်၌ သားအမိ ၃ ဦးကို အကြမ်းဖက်သမားများကဖမ်းဆီး

ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာနေ ဒေါ်ချောချောစိုး (၃၂) နှစ်၊ သမီးဖြစ်သူ မဝင်းစန္ဒာထွန်း (၁၂) နှစ်၊ သားဖြစ်သူ မောင်မြတ်ဘုန်းပြည့် (၆) နှစ်တို့ ၃ ဦးသည် မုံရွာမှတစ်ဆင့် စက်လှေဖြင့် ညောင်ပင်ကြီးကျေးရွာဘက်သို့ ထွက်ခွာလာခဲ့ရာ ရကစ (ညောင်ပင်ကြီး)အနီး၌ အကြမ်း ဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။

ဖြစ်စဉ်မှာ ချပ်သင်းကျေးရွာအနီးတစ်ဝိုက်၌ တိုက်ပွဲများဖြစ်ပွားနေသဖြင့် ၎င်း၏ ခင်ပွန်းရှိရာ ဆားလင်းကြီးမြို့နယ်၊ ရစက (ညောင်ပင်ကြီး)သို့ ထွက်ခွာလာခဲ့စဉ် ယခုကဲ့သို့ ဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရှိရပါတယ်။