ရွှေကူမြို့အတွင်းသို KIA/PDFများကလက်နက်ကြီးဖြင့်ပစ်

KIA/PDF အကြမ်းဖက်သောင်းကျန်းသူများသည် ကချင်ပြည်နယ်၊ ရွှေကူမြို့တစ်ဖက်ကမ်း ဆင်တပ်ကျေးရွာကူးတို့ဆိပ်မှ ရွှေကူမြို့အတွင်းသို့ မတ်လ ၂၃ ရက်ည ၁၀ နာရီက လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်းသိရသည်။

လက်နက်ကြီးသုံးလုံးပစ်ခတ်ရာနှစ်လုံးသည် ဧရာဝတီမြစ်အတွင်းကျပြီး မြစ်ကမ်းစပ်သို့ တစ်လုံးကျရောက်ခဲ့သည်။ ရွှေကူရှိတပ်မတော်စစ်ကြောင်းက လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရသည်။