ကော့ကရိတ် ပြည်သူ့နေအိမ်များအား အကြမ်းဖက် KNU/PDF အဖွဲ့က မီးရှို့ဖျက်ဆီးနေ

မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကော့ကရိတ်မြို့၊ တောင်ပေါ်ကျောင်းရှိ လုံခြုံရေးအဖွဲ့ကို အကြမ်းဖက် KNU/PDF အဖွဲ့က လာရောက်ပစ်ခတ်ပြီး ပြန်ဆုတ်ရာတွင် လမ်းကြောင်းပေါ်ရှိ ပြည်သူ့နေအိမ်များအား မီးရှိုခဲ့ရာ နေအိမ် ၄ လုံး မီးလောင်ပျက်ဆီးခဲ့..။

မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် ကော့ကရိတ်မြို့၊ တောင်ပေါ်ကျောင်းမြောက်ဘက် ဝက်သတ်ရုံအနီးရှိ ပြည်သူ့နေအိမ် ၂ လုံးအား အကြမ်းဖက် KNU/PDF အဖွဲ့က မီးရှိုဖျက်ဆီးခဲ့။

မတ်လ ၂၉ ရက် ယနေ့လည် ၁၁ နာရီကျော်တွင်လည်း ကော့ကရိတ်မြို့၊ အမှတ် ၄ ရပ်ကွက် ၊ အထက်ရွာအောက်ပိုင်း၊ တောင်ပေါ်ကျောင်းလမ်းနှင့် ရတနာလမ်းထောင့်ဆုံ လမ်း ၄ ခွဆုံရာ ဒေသအခေါ် စျေးလေးထောင့်ရှိ နေအိမ်များကို အကြမ်းဖက် KNU/PDF အဖွဲက မီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။ #Crd.