ကျိုက်ထိုတွင် ခရီးသွားယာဉ်တစ်စီးအား အကြမ်းဖက် NUG/PDF များမှ မိုင်းဆွဲတိုက်ခိုက်

အကြမ်းဖက်သောင်းကျန်သူ KNU/PDF များအနေဖြင့် အများပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လမ်းတံတားများ ဖောက်ခွဲဖျက်ဆီးခြင်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ ၎င်းအပြင် အများပြည်သူများသွားလာနေသည့် လမ်းကြောင်းများတွင်လည်း ဆက်ကြေးကောက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁ ရက်နေ့ ည ၉ နာရီခန့်၊ ကျိုက်ထိုမြို၊ ကျွန်းတောရွာ၊ PT Power စက်သုံးဆီဆိုင်အနီးတွင် တပ်မဟာ ၁ လက်အောက်ခံ အကြမ်းဖက် KNU/PDF များမှ ခရီးသွား Express ကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပါရာ အပြစ်မဲ့ပြည်သူခရီးသွားပြည်သူ ကျား ၄ ဦး မ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။