နေပြည်တော်မှာ အပစ်ရပ် ၅ဖွဲ့နဲ့ တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ တွေ့ဆုံမှုပြုလုပ်

ဒီဇင်ဘာ ၂၇ရက်က နေပြည်တော်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
၅ဖွဲ့နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်
အရ သိရပါတယ်။
အပစ်ရပ်အဖွဲ့များဖြင့် ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အဖွဲ့မှ အဖွဲ့ဝင် ၅ဖွဲ့နဲ့
တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ဒီဇင်ဘာလ ၂၇ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတဲ့ အပစ်ရပ်အဖွဲ့ ၅ဖွဲ့သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ DKBA၊ KNU/KNLA-PC နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး
(LDU)တို့ဖြစ်တယ်လို့ သိရပါတယ်။