တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက် ပို့ဆောင်

ဒီဇင်ဘာ ၂၇ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့့
များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်
အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများ
အတိုင်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain
Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်
အခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျင် ၅ ဦးထိုးနှံနိုင်သည့် Sinopharm ဆေးများကို တနင်္သာရီတိုင်းဒေသကြီး၊
ထားဝယ်မြို့သို့ Sinopharm ဆေး ၅၀၀ လုံးနှင့် ဆေးထိုးအပ်များ၊ မြိတ်မြို့သို့ Sinopharm ဆေး ၄၀၀
လုံးနှင့် ဆေးထိုးအပ်များကို တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။
ကာကွယ်‌ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာ နေရာများသို့ ဆက်လက်
ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။