ရန်ကုန်လေဆိပ်အတွင်း ခရီးသည်လိုက်ပါပို့ဆောင်မည့်သူများ ယာယီဝင်/ထွက်ခွင့် ကတ်ဖြင့် ဝင်ရောက်နိုင်

ရန်ကုန်လေဆိပ်အတွင်း ခရီးသည်လိုက်ပါပို့ဆောင်မည့်သူများ ယာယီဝင်/ထွက်ခွင့် ကတ်ဖြင့် ဝင်ရောက်နိုင်ပြီလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ထား ပါတယ်။

လေဆိပ်အတွင်းသို့ ခရီးသည်လိုက်ပါပို့ဆောင်မည့်သူများ ယာယီဝင်/ထွက်ခွင့်ကတ် ထုတ်ယူကာ လိုက်ပါပို့ဆောင်နိုင်ပြီး အဆိုပါ လေဆိပ် Public Area ယာယီဝင်/ထွက် ခွင့်ကတ် ထုတ်ယူရာတွင် မှတ်ပုံတင် ပြသရန် လိုအပ်ပြီး မည်သည့်အခကြေးငွေမျှ ပေးဆောင်ရန်မလိုအပ်ဘူးလို့လည်း ပြောပါတယ်။

လိုက်ပါပို့ဆောင်သူတွေအနေနဲ့ လေဆိပ် Public Area ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား ချိတ်ဆွဲပြီး ဂိတ်အမှတ် (၂)မှ အစစ်ဆေးခံဝင်ရောက်ကာ ဂိတ်အမှတ် (၆)မှ ပြန်လည်ထွက်ခွာရမယ်လို့လည်း ပြောပါတယ်။

လေဆိပ် Terminal Public Area အတွင်း ခရီးသည်ပို့ဆောင်/ကြိုဆိုစဉ် ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား အမြဲတမ်းချိတ်ဆွဲထားရမှာ ဖြစ်ပြီး လေဆိပ်၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာရမှာ ဖြစ်သလို အဆိုပါ ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား အလွဲသုံးစားပြုလုပ်ပါက အဆိုပါကတ်ပြား ဖြုတ်သိမ်းကာ သက်ဆိုင်ရာမှ အရေးယူခြင်းခံရမယ်လို့လည်း ပြောပါတယ်။