မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကိုယ်လောဘကိုလျှော့လိုက်တော့
ပြည့်စုံခြင်းတွေဟာ
အလိုလိုရောက်လာပါတယ် ။

ဒေါသကို လျှော့လိုက်တော့
ကျေနပ်မှု အေးမြခြင်းတွေဟာ
ကိုယ်ဆီမှာပဲ ကျန်နေရစ်ပါတယ် ။

ကိုယ့်မာနကို လျှော့လိုက်တော့
မနှုတ်ဆက် မခေါ်ချင်မှုတွေဟာ
ကိုယ့်ဆီကနေ ထွက်ခွာသွားကြတယ် ။

မနာလိုခြင်းကို လျှော့လိုက်တော့
ပျော်ရွှင်မှုတွေဟာ
ကိုယ့်သန္တာန်မှာ ရလာပါတယ် ။

အတ္တကို လျှော့လိုက်တော့
ကိုယ်ချင်းစာ တရားတွေဟာ
မိမိရင်ထဲမှာ ကိန်းလာပါတယ် ။

နားလည် ပေးနိုင်မှုလေးကိုလေ့ကျင့်ပေးတော့
တည်ငြိမ်ခြင်းတွေဟာ
ကိုယ့်အနားမှာ ရပ်တည်နေပါတယ် ။

မဆိုင်တာတွေကို လျှော့လိုက်တော့
ကုသိုလ်ပြုချိန်တွေဟာ
ဘ၀အချိန်ထဲမှာ တိုးလာပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏