မြေမဲ့ စိုက်ပျိုးနည်း

ကျွန်မတို့ သတိမထားမိကြတဲ့ မြေဆီလွှာမဲ့ အပင်စိုက်ခြင်းနည်းဟာဆိုရင် တကယ်ကို လွယ်ကူမြန်ဆန်ပြီး
အသုံးဝင်တဲ့နည်းတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် အိမ်တွင်းအလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလေးလည်းဖြစ်ပါတယ်။
ငွေကုန်ကြေးကျလဲနည်းတော့ ပိုပြီးအဆင်ပြေတာပေါ့နော်။
မြေနေရာကျယ်ကျယ်မရှိတဲ့အခါ၊ ပန်းအိုးနဲ့စိုက်ထားဖို့နေရာမရှိတဲ့အခါ၊ စာကြည့်စားပွဲ၊ အလုပ်စားပွဲတွေမှာ အလှထားချင်တဲ့အခါ
ဒီနည်း‌လေးကို အသုံးပြုလို့ရပါတယ်။ ရေရှိရုံနဲ့ရှင်သန်နိုင်တဲ့ အပင်လေးတွေကတော့


(၁) ဆလတ်ပင်၊ မုန်ညင်းပင်


(၂) ဟင်းနုနွယ်ပင်


(၃) ဂမုန်းအမျိုးမျိုး


(၄) အာလူး၊ ကန်စွန်းဥစသည့် ဥအမျိုးမျိုး


(၅) စတော်ဘယ်ရီပင်စသဖြင့် အမျိုးမျိုးရှိပါတယ်။

အကုန်အကျနည်းအောင် အိမ်မှာရှိတဲ့ ရေသန့်ဗူးခွံလေးကိုသုံးပြီး ကြိုက်နှစ်သက်ရာအပင်ကို ထည့်စိုက်လို့ရပါတယ်နော်။
မိမိနှစ်သက်ရာ အလှအိုးလေးတွေနဲ့ စိုက်လို့လဲရပါတယ်။
အာလူး၊ မုန်လာဥတို့လို ‌ဥ ဥတဲ့အပင်တွေကတော့ ‌မြေကြီးထဲ ထည့်မစိုက်ခင် အကြိုအမြစ်ထွက်အောင်
စိုက်ထားလို့ရပြီး၊ ဥမစားဘူးဆိုရင်တော့ အလှစိုက်ထားလို့ရပါတယ်ရှင်။
အထူးသတိပြုရမှာကတော့ အလှပင်မဟုတ်တဲ့ သီးပင်စားပင်လေးတွေစိုက်တဲ့အခါ ဖော့၊ ချည်ကြိုးခပ်တုတ်တုတ်တို့လို
အမြစ်ကုပ်နိုင်တဲ့ ပစ္စည်းလေးတွေလိုအပ်ပါသေးတယ်နော်။ အာဟာရကျွေးတဲ့အခါမှာလည်း ရေထဲပျော်ဝင်နိုင်တဲ့
N, P, K သုံးမျိုးလုံးရောစပ်ထားတဲ့ အာဟာရအရည်(သို့မဟုတ်) အစိုင်အခဲတို့ကို ရေလဲချိန်တိုင်း ထည့်ကျွေးပေးနိုင်ပါတယ်။