မိုးမိတ်မြို့တိုက်ပွဲဖြစ်စဉ်ကို သတင်းမှားများဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြိုရှိ လုံခြုံရေးတပ်စခန်းများနှင့် ဌာနဆိုင်ရာ အဆောက်အဦများကို KIA အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်မှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိုးမိတ်မြိုပေါ်တွင် ပြည်သူ ၁၀၂ ဦးထက်မနည်းကို သတ်ဖြတ်သွားခဲ့ကြောင်းနှင့် အသက်မပြည့်သေးသော မိန်းကလေး ၃ ဦးအပါအဝင် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ကောလာဟလသတင်းအမှားများကို အများပြည်သူ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိပါသည်။

မိုးမိတ်မြိုကို ကောလင်းမြိုကဲ့သို တိုက်ခိုက်ဖျက်ဆီးရန်အတွက်   KIA အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် လုံခြုံရေးတပ်စခန်းများနှင့် ဌာနဆိုင်ရာ အဆောက်အဦများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများအတွင်း ခံစစ်ဆင်၍ တပ်မတော်စစ်ကြောင်းများကို တန်ပြန်တိုက်ခိုက်ခဲ့ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူတိုက်ခိုက်ခြင်းများအပြင် အများပြည်သူ အသုံးပြုသည့်လမ်းများကို မိုင်းထောင်ထားခြင်းများကြောင့် တပ်မတော်မှ ပြည်သူများ ထိခိုက်မှုမရှိစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း အကြမ်းဖက်သမားများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ရသည့်အတွက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိုးမိတ်မြိုအတွင်းသို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူအချို ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်များမီးလောင် ပျက်စီးခဲ့ရကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရှိရပါသည်။