အကြမ်းဖက် CDF များ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူသေဆုံး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးနယ်မြေရဲစခန်းသို့ အကြမ်းဖက် CDF/PDF ၁၀၀ ဦးခန့်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နေရာ ၃ နေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း စခန်းအနီးရှိ လူနေအိမ်များအပေါ် ကျည်ကျရောက်ပေါက်ကွဲသဖြင့် အပြစ်မဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။