မြင်းခြံဘက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၇ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

ဒီဇင်ဘာလ ၃၀ ရက်နေ့၌ မြင်းခြံမြို့နယ် ညောင်တိုကျေးရွာရဲ့ အနောက်မြောက်ဘက်ရှိ ညောင်ကားယားရွာအနီးတွင် လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အဖွဲ့က Drop ဗုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ရွာသားတစ်ဦးတို့သာ သေဆုံးခဲ့ကြောင်းနှင့် တောပုကျေးရွာနဲ့ ကျားတိုင်းကျေးရွာတို့တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ ပုံကြီးချဲ့၍ အများပြည်သူများအထင်မှားအောင် စိတ်ကူးယဉ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။