အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက် သတ်ဖြတ်နေတဲ့ အကြမ်းဖက်အဖွဲ့ (သို့မဟုတ်) NUG

ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရဟန်းသံဃာ သီလရှင်ပါမချန် အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်နေတာက NUG လက်အောက်ခံ အကြမ်းဖက်တွေပါပဲ…

ဖမ်းမိလို့စစ်ဆေးလိုက်ရင်လည်း NUGက ပိုက်ဆံပေးစေခိုင်းလို့ သတ်ရတာပါဆိုပြီး ဝန်ခံကြတဲ့လူတွေ ချည်းပါပဲ… အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်သတ်နေတဲ့ အကြမ်းဖက်တွေဟာ တရားဉပဒေကို ချိုးဖောက်နေကြတဲ့သူတွေဖြစ်သလို သူတို့ကိုအားပေးစေခိုင်းနေကြတဲ့ NUG က ဝရမ်းပြေး အကြမ်းဖက်သမားတွေဟာလည်း အလိုတူအလိုပါ အပေါင်းအပါတွေပဲဖြစ်ပါတယ်…

ဒါကြောင့် အကြမ်းဖက်ဝါဒကို ဆုပ်ကိုင်ထားပြီး အာဏာရဖို့ကြိုးစားနေတဲ့ NUG နဲ့ လက်အောက်ခံ PDF အကြမ်းဖက်တွေဟာ တစ်ချိန်ချိန်မှာ အလဲလဲအပြိုပြိုနဲ့ ပြိုကွဲပြီး ပြည်သူတွေက ပေးတဲ့အပြစ်ဒဏ်ကို ခံကြရဦးမှာ ဆိုတာ အသေအချာပါပဲ…