ရော်နယ်ဒိုကို ရုတ်တရက်ပွေ့ချီကာ ဂုဏ်ပြုခဲ့တဲ့ ပရိတ်သတ်တစ်ဦး

မနေ့က ကစားခဲ့တဲ့ ပေါ်တူဂီ-ဘော့စနီးယားပွဲမှာ ပရိသတ်တဦးက ကွင်းအတွင်းဝင်ရောက်လာခဲ့ပြီး ရော်နယ်ဒိုနဲ့ တွေ့ဆုံခဲ့တာပါ။ ရော်နယ်ဒိုကလည်း ပရိသတ်ကို ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ခံစကားပြောပေးခဲ့ပါတယ်။ ဒီလို ပြောနေချိန်မှာပဲ အဆိုပါ ပရိသတ်က ရော်နယ်ဒိုကို ရုတ်တရက်ပွေ့ချီကာ ဂုဏ်ပြုခဲ့ပါတယ်။

အဲဒီနောက်မှာပဲ သူက ရော်နယ်ဒိုရဲ့ ခြေအစုံကိုပါ ဦးခိုက်သလိုလုပ်ခဲ့ကာ အရိုအသေပေးခဲ့ပါတယ်။ ဒါဟာ ဒီဘက်ခေတ်ဘောလုံးလောကမှာ ရော်နယ်ဒင်ဟို၊ မက်ဆီတို့ပြီးရင် ရော်နယ်ဒိုကို ဒီလိုပြုမူတာကို ထပ်မံမြင်တွေ့ခဲ့ရတာပါ။ ရော်နယ်ဒိုအတွက်လည်း ဒါက ဂုဏ်ယူဖွယ်ရာ အခိုက်အတန့်ဖြစ်ပြီး ပရိသတ်တဦးဆီက ဒီလိုမျိုးပြုမူတာက တကယ်ကျေနပ်စရာပါပဲ။

ပရိသတ်က အဲဒီလိုလုပ်ခဲ့ပြိးနောက် ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်ကိုလည်း လုပ်ခဲ့ကာ Siu လို့ အော်ခဲ့ပါသေးတယ်။ ရော်နယ်ဒိုကတော့ ဒီပရိသတ်ရဲ့ လုပ်ရပ်တွေကို သဘောကျပြီး ပြုံးပြုံးကြီးကျန်နေရစ်ခဲ့ပါတော့တယ်။