ရခိုင်ပြည်နယ်တွင် ကျောင်းအပ်နှံသူ ၁ သိန်းကျော်တိုးတက်လာ

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများမှာ ကျောင်းအပ်နှံသူ ၄ သိန်း ၉ သောင်းကျော်ရှိပြီး ၄ သိန်း ၈ သောင်းကျော် ကျောင်းတက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်…၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တုန်းက ကျောင်းအပ်နှံသူ ၃ သိန်း ၆ သောင်းကျော်ရှိခဲ့ပြီး ယခုနှစ် ပညာသင်နှစ်မှာ ၄ သိန်း ၉ သောင်းကျော်အထိရှိလာတဲ့အတွက် ကျောင်းအပ်နှံသူ ၁ သိန်း ၃ သောင်းကျော် မြင့်တက်လာတာလည်း ဖြစ်ပါတယ်…