အရှိန်မထိန်းနိုင်သည့် ကားက အိမ်ထဲ၌ အိပ်နေသည့် အမျိုးသားအား တိုက်မိ၍ဒဏ်ရာရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးပေါ်တွင် ဇွန် (၁၇) ရက်ညပိုင်းက အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ နေအိမ်ထဲသို့ ဝင်သွားခဲ့သည့်အတွက် နေအိမ်အတွင်း အိပ်နေသူအမျိုးသား ဒဏ်ရာရခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ ည (၁၂) နာရီခန့်က သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးပေါ်ရှိ (၄၉) အစိမ်းဂိတ်မှတ်တိုင်အနီးတွင် အိမ်စီးကားမှ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိနေအိမ်ထဲသို့ဝင်သွားခဲ့ခြင်းဖြစ်ပြီး နေအိမ်ထဲတွင် အိပ်နေသည့် အသက် (၄၀) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည်ဟု သိရသည်။