အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ မြန်မာနိုင်ငံမှ အကြမ်းဖက်သမား ၄ ဦးကို လက်နက်၊ ခဲယမ်းအချိုနဲ့အတူ ဖမ်းမိ

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဆိုင်ဟာခရိုင်၊ Niawtlang ကျေးရွာ၌ (အောက်တိုဘာ ၂၆ ရက်)တွင် မြန်မာနိုင်ငံဘက်မှ 125/Kenbo ဆိုင်ကယ်လေးစီးနှင့်အတူ ဝင်ရောက်လာသော အကြမ်းဖက်သမား ၄ ဦးကို
ဂြိုလ်တုဖုန်း ၁ လုံး ၊
ကျည်ကာအင်္ကျီ ၅ ထည် ၊
လက်ထိပ် ၊
လက်ကိုင်ဖုန်း ၅ လုံး ၊
ဖုန်းဆင်းကဒ် ၈ ကဒ် ၊
ပွိင့် 22 ရိုင်ဖယ်ကျည် ၁၀၀ကျော် ၊
လေသေနတ် ၊
မြန်မာကျပ်ငွေ ၂၇၉,၇၀၀ ၊
စင်္ကာပူ နှစ်ဒေါ်လာ ၊
ဒစ်ဂျစ်တယ် အာရုံခံကိရိယာများ၊
အခြားပစ္စည်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း (အောက်တိုဘာ ၂၇ ရက်) တွင် အိန္ဒိယနိုင်ငံဘက်မှ ထုတ်ပြန်သော သတင်းအရ သိရသည်။