တာချီလိတ်မှာ လေထုအရည်အသွေးဆိုးရွားနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ မတ်လ (၂၄)ရက်နေ့ကနေ (၂၅) ရက်နေ့အထိ (၂၄)နာရီကြာ တိုင်းတာရရှိတဲ့ လေထုအရည်အသွေးဟာ PM10 ရှိပြီး နီညိုရောင်အဆင့် (Hazardous) ရှိနေတာကြောင့် ကျန်းမာရေးထိခိုက်နိုင်တဲ့အတွက် Mask တပ်ပြီးသွားလာကြဖို့ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားတယ်လို့ ဒေသဆိုင်ရာသတင်းတွေအရ သိရပါတယ်။

ဒါ့အပြင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများအနေနဲ့ မလိုအပ်ဘဲ နေအိမ်ပြင်ပသို မထွက်ကြဖို့ တိုက်တွန်းထားသလို မျက်စိစပ်ခြင်းများဖြစ်ပေါ်လာပါက လက်နဲ့ပွတ်ခြင်းမပြုလုပ်ဘဲ သန့်စင်တဲ့ရေစိုဝတ်နဲ့ ညင်သာစွာသုပ်ပေးခြင်း၊ သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောခြင်းတို့ပြုလုပ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာများခံစားလာရပါကနီးစပ်ရာဆေးရုံ/ကျန်းမာရေးဌာနများသို အမြန်ဆုံးသွားရောက်ကြဖို့ကိုလည်း အကြံပြုထားပါတယ်။

တာချီလိတ်မှာ လေထုအရည်အသွေး ဆိုးရွားနေပြီး ကျန်းမာရေးထိခိုက်နိုင်လို Mask တပ်ပြီးသွားလာကြဖို့ သတိပေးခဲ့ကြတယ်လို့သိရပါတယ်။