နွားထိုးကြီးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား အကြမ်းဖက်pdfအဖွဲ့မှ အကြောင်းမဲ့သတ်ဖြတ်

ဒီဇင်ဘာ ၂၄ရက်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကုက္ကိုဇီးကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီအလုပ်
အမှုဆောင်အဖွဲ့ဝင် ဦးခိုင်မင်း(၄၄)နှစ်သည် နွားထိုးကြီးမြိုနယ် လဝကရုံးမှ အိမ်ထောင်စုဝင်စာရင်းများအား လိုက်လံ
ကူညီပေးပြီးနောက် ဆိုင်ကယ်ဖြင့်ပြန်လာစဉ် နွားထိုးကြီးမြိုနယ်၊ ခက်လန်းကျေးရွာအနီး၊ နွားထိုးကြီး-ပြင်စည်သွား
ကားလမ်း၊ မိုင်တိုင်အမှတ်(၂၇/၅)နှင့် (၂၇/၆)အရောက်တွင် အကြမ်းဖက်pdf ၄ဦး ဆိုင်ကယ်၂စီးဖြင့်
လိုက်ပါလာပြီး ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ဦးခိုင်မင်းတွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ
၁ချက်၊ ဝဲပါးကျည်ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၃ချက်တိုဖြင့်နေရာတွင် သေဆုံးသွားခဲ့
ကြောင်း သတင်းရရှိပါသည်။