ပျောက်နေသော ကလေးငယ်ပြန်တွေ့ပြီ

၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် နံနက်တွင် ကလေး၏ဖခင်ဖြစ်သူက သားလေး ဇွဲဝေယံထွန်းအား ပြန်တွေ့ ကြောင်းနှင့် စေတနာထားပြီးဆုတောင်းပေးခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း၊ ကလေးကျန်းကျန်းမာမာရှိကြောင်း ၎င်း၏လူမူကွန်ယက်စာမျက်နှာမှာ ဖော်ပြချက်အရသိရပါသည်။ မောင်ဇွဲဝေယံထွန်းမှာ ပျောက်ဆုံးနေတာ ၅ရက်ရှိပြီဖြစ်ပြီး အခုမှ ပြန်တွေ့တာဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း ကလေးတွေပျောက်ဆုံးနေမှုက မြင့်တက်လာတာကြောင့် မိဘများအနေနဲ့ မိမိတို့ကလေးငယ်များကို အနီးကပ်စောင့်‌ရှောက်ကြဖို့ ထပ်မံသတိပေးလိုပါတယ်။ အခုလတ်တလော‌ ကလေးပျောက်ဆုံးမှုမှာ ၉ဦးအထိရှိနေတာဖြစ်ပါတယ်။