မြေငလျင်သတင်း

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၄၅)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် (၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပြည်ကြီးတံခွန်မြို၏ အရှေ့တောင်ဘက် (၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၈၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။