မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အရွယ်အိုလာပြီးတော့
အပြန်ခရီးနှင့် နီးလာသူတွေမှာ

မလုပ်ရသေးတဲ့
ကိစ္စတွေလည်း ရှိနေကြသလို

မဖြုတ်ရသေးတဲ့
အစွဲလေးတွေလည်းရှိနေကြတယ် ။

မာနတွေနဲ့လည်းပြိုင်နေသလို
အတ္တတွေနဲ့လည်းတင်းနေကြတယ် ။

အသက်အတိုင်းတာတစ်ခုအလွန်မှာ
အသိသတိကြီးပြီးတော့

အတွင်းအဇ္စျတ္တကိုကြည့်နိုင်ဖို့ဟာ
တကယ်ဆို မလွယ်ကူနိုင်ပါဘူး ။

အရွယ်ကျသည်အထိ မိမိဘ၀ကို
အကျိုးမရှိတာတွေနဲ့ပျော်လာခဲ့ရင်

အကျိုးရှိတဲ့တရားတွေနဲ့
အတူပျော်ဖို့ဟာခက်တတ်ပါတယ် ။

ဒါကြောင့် အရွယ်ကောင်းတုန်း
တစ်နေ့တာ ကုန်သွားသည့်နဲ့အမျှ

ကိုယ့်ဘ၀ စာမျက်နှာပေါ်မှာ
ကုသိုလ်တရားမှတ်တမ်းလေးတွေ
ရေးထိုးနိုင်အောင်ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏