ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် များအား မိဘအုပ်ထိန်းသူများထံလွှဲပြောင်းပေးအပ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိပါတယ်။

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးအား ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်း၏ မိဘအုပ်ထိန်းသူထံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။

အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်ရှိ နယ်မြေခံသင်တန်းကျောင်း အနော်ရထာခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားကို ပြုလုပ်ရာ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော

-မန္တလေးတိုင်းဒေ သကြီး၊ ချမ်းမြသာစည်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊

-ပုသိမ်ကြီးမြို့နယ် မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊

-မဟာအောင်မြေမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၃ ဦး၊

-ပြည်ကြီးတံခွန်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦးနှင့်

-စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊

စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦး တို့ကို ဝန်ခံကတိလက်မှတ်ရေးထိုး စေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ပါတယ်

PDF များအနေဖြင့် ဥပဒေဘောင် အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြု မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက် ရှိကြသဖြင့် သက်ဆိုင် ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သိရှိရပါတယ်ရှင်။