AA နဲ့ပတ်သက်တဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမှု ကျပ်ငွေ ၂၉၄ ဘီလီယံကျော်ပြီ

AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၎င်းတိုအဖွဲ့ ရပ်တည်နိုင်ရေးနှင့် လက်နက်/ ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သောငွေကြေးများ ရရှိနိုင်ရန် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးအား အန္တရာယ် ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိနေကြောင်းသိရပါတယ်။

၂၀၁၆ ခုနှစ်ကနေပြီး ယနေ့အချိန်အထိ AA သောင်းကျန်းသူတွေနဲ့ဆက်စပ်ပတ်သက်ပြီး မူးယစ်ဆေးဝါးဖမ်းဆီးရမှုအနေနဲ့ကတော့ အကြိမ်အားဖြင့် ၉ ကြိမ်ရှိပြီဖြစ်ကာ မူးယစ်ဆေးဝါး ကာလတန်ဖိုး ကျပ်၂၉၄.၈၂ ဘီလီယံရှိပြီလည်းဖြစ်ပါတယ်။