အမေရိကန်တွေက ဘိုင်ဒင်ထက် ထရမ့်ကို ပိုမိုယုံကြည်

Financial Times နဲ့ Michigan State University ရှိ Stephen Ross စီးပွားရေးကျောင်းတိုက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုအရ အမေရိကန်တွေဟာ အရင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ စီးပွားရေးမူဝါဒတွေကို လက်ရှိသမ္မတဂျိုးဘိုင်ဒင်ထက် ပိုမိုယုံကြည်တယ်လို သိရပါတယ်။

အမေရိကန်နိုင်ငံသား ၄၂% က ထရမ့်ကို ယုံကြည်ပြီး ၃၁% ကသာ ဘိုင်ဒင်ကို ယုံကြည်ကာ အမေရိကန်စီးပွားရေးကို ပိုမိုကောင်းမွန်စွာ စီမံနိုင်မယ်လို ထရမ့်ကို ယုံကြည်ခဲ့ကြပါတယ်။ ဘိုင်ဒင်ရဲ့ စီးပွားရေးမူဝါဒတွေက နိုင်ငံစီးပွားရေးကို များစွာထိခိုက်စေခဲ့တယ်လို ၃ပုံ ၁ပုံက ယုံကြည်ခဲ့ပြီး ဖြေဆိုသူ ၄၉% က ဘိုင်ဒင်ရဲ့ သက်တမ်းအတွင်း နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေက ပိုမိုဆိုးရွားလာတာကို သတိပြုမိတယ်လို ဆိုပါတယ်။

NOM