တူရကီနှင့်ဆီးရီးယားမှာ ငလျင်ကြောင့် သေဆုံးသူ ၂၁,၀၀၀ အထိ ရှိလာ

တူရကီနှင့် ဆီးရီးယား နှစ်နိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူစုစုပေါင်း ၂၁,၀၀၀ ကျော်အထိ ရှိလာကြောင်း၊ တူရကီ၌ သေဆုံးသူအရေအတွက် ၁၇,၆၇၄ တိုးလာကြောင်းနဲ့ ဆီးရီးယားနိုင်ငံမှာတော့ အခုအချိန်အထိ သေဆုံးသူ ၃,၃၇၇ ရှိသွားပြီလို့ တူရကီ ဒုတိယသမ္မတ ဖူအက်အောက်တေးက ကြေညာခဲ့ပါတယ်။

ငလျင်ဘေးကယ်ဆယ်ရေးအတွက် တူရကီနိုင်ငံကို ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံပေးအပ်သွားမယ်လို့ ကမ္ဘာ့ဘဏ်က ကတိပြုခဲ့ပါတယ်။ ကယ်ဆယ်ရေးအတွက် ငွေကြေးပိုမိုပံ့ပိုးပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က တိုက်တွန်းခဲ့ပြီး လာမယ့်သီတင်းပတ်မှာ အလှူရှင်နိုင်ငံများညီလာခံ ကျင်းပပေးမယ်လို့ ကြေညာခဲ့ပါတယ်။