ကယန်းလက်ဝှေ့မယ် ဘရော်နီကာကို မြန်မာပြည်ရဲ့ ရေနံသူဌေးကြီး မိုက်ကယ်မိုးမြင့်က ဘတ် ၅၅၀၀၀ ဆုချ

ကယန်းလက်ဝှေ့မယ် ဘရော်နီကာကို မြန်မာပြည်က ရေနံသူဌေးကြီး ဦးမိုက်ကယ်မိုးမြင့်က ဘတ် ၅၅၀၀၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရပါတယ်.

ဘရော်နီကာက “ပြိုင်ပွဲကို အနိုင်ယူပေးလို့ အန်ကယ်ဦးမိုးမြင့်မှ Veroကို ဘတ်ငွေ၅၅၀၀၀Bဆုချီးမြင့်ပေးခဲ့တယ်လက်ဆောင်လည်းထည့်ပေးခဲ့သေးတယ် ။အခုလို အသိမှတ်ပြုပြီး ဆုချီးမြင့်ပေးတဲ့အတွက် အန်ကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။မြန်မာနိုင်ငံ မြန်မာပြည်သူပြည်သားများအတွက် Vero ဒီထက်မက ပိုကြိုးစားပါ့မယ်” လို့ ပြောကြားထားပါတယ်။

ဘရော်နီကာ သည် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သည့် Thai Fight မွေထိုင်းပွဲစဉ်မှာ ဘရာဇီးလ် နိုင်ငံသူကို အနိုင်ရရှိခဲ့တာဖြစ်လို့ ယင်းကဲ့သို့ ဆုချီးမြှင့်တာလို့လည်း သိရပါတယ်။

ဦးမိုက်ကယ်မိုးမြင့်သည် မြန်မာပြည်ရဲ့ ထိပ်တန်းသူဌေးတစ်ဦးဖြစ်ပြီး Myint & Associates ကုမ္ပဏီရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။