ကိုရီးယားအနုပညာရှင် ၁၉ ဦး ပါဝင်သော တတိယအဖွဲ့ ရန်ကုန်မြိုသို့ ရောက်ရှိ

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှမည့် ကိုရီးယားအနုပညာရှင် ၁၉ ဦး ပါဝင်သော တတိယအဖွဲ့ သည် ဧပြီ ၁၄ ရက်၊ ညပိုင်းက ရန်ကုန်မြို့ သို့ ထပ်မံရောက်ရှိခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ကိုရီးယား K-pop အနုပညာရှင်များ တတိယအဖွဲ့ တွင် Mr. PARK MOON HEE ဦးဆောင်သော ကိုရီးယား K-pop အနုပညာရှင် ၁၉ ဦး ပါဝင်ပြီး မြန်မာနိုင်ငံ တာဝန်ရှိများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။