နယ်လှည့်ပြည်သူ့ဆက်ဆံရေး အဖွဲ့များနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအဖွဲ့တို့က သွားရောက် ဂုဏ်ပြုဖျော်ဖြေ

ဒီဇင်ဘာ ၁၇ရက်က အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေရှိ ကာသာမြို့၊ ဝန်းသိုမြို့နှင့် အင်းတော်မြို့ တို့ရှိ
နယ်မြေခံတပ်ရင်းဌာနချုပ်များနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေ၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်
များသို့ နယ်လှည့်ပြည်သူ့ဆက်ဆံရေး အဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
(MRTV)မှ အဖွဲ့သူ၊ အဖွဲ့သားများက စစ်ချီတေး၊ စစ်သည် တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်း
တေးသီချင်းများဖြင့် ဖျော်ဖြေကြရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက
စိတ်လက်ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ အချို့စစ်သည်များနှင့် မိသားစုများက လွတ်လပ်
ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင်သီဆိုကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။