“လှိုင်သာယာမှာ အမျိုးသားတစ်ဦးကို ဓားနဲ့ဝိုင်းခုတ်သတ်တဲ့ တရားခံ ၆ ဦးကို ဖမ်းဆီးရမိ”

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြိုနယ်၊ အမှတ်(၁၄)ရပ်ကွက်၊နံ့သာဖြူလမ်းကြား၌
ဒီဇင်ဘာ ၁၇ ရက်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် ၂၀ ကျော် အရွယ်
အမျိုးသား ၁ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ သေဆုံးသူ၏ အစ်မဖြစ်သူက လှိင်သာယာအနောက်ပိုင်းမြိုနယ် ရဲစခန်း၌ တိုင်တန်းခဲ့
သဖြင့် ၎င်းရဲစခန်းက (ပ) ၂၉၈/၂၀၂၂ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၃၂၅/ ၃၄ အရအမှုဖွင့်လှစ်၍ စုံစမ်း
စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။
လက်ရှိတွင် အဆိုပါ ဖြစ်စဉ်မှာပါဝင်သည့် အမျိုးသား ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အခင်းဖြစ်ပွားရာ၌
အသုံးပြုခဲ့သော အရိုးအသွား(၁၂)လက်မခန့်ရှိ ဓားဦးချွန်(၁)ချောင်း၊ အရိုးအသွား (၄၃)လက္မရှိ ကိုင်းခုတ်ဓားမ
(၁) ချောင်းအရိုးသွား(၄၁)လက္မခန့်ရှိ ကိုင်းခုတ်မ (၁) ချောင်းတိုကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။