အလှူ၃ပါးစာရင်း

ဆိုင်း ၃၅-သိန်း
ဘိသိက် ၁၀- သိန်း
မဏ္ဍပ်စင် ၁၀-သိန်း
မြင်းငှားခ ၄-သိန်း (တစ်ကောင် ၂-သောင်း/အကောင် ၂၀ စာ)
မိတ်ကပ်ဖိုး ၃-သိန်း(နာမည်ကြီးဆို ၁၀-သိန်းထိစျေးပေါက်)
ဓာတ်ပုံဗီဒီယို ၃-သိန်း
ရှင်လောင်းလှည့် ၅-သိန်း
ဝတ်စုံ ၃-သိန်း
အရက်ဖိုး ၂-သိန်း
စည်တော်ကြီး ၃-သိန်း
ထွေလီကာလီ ၁-သိန်း
———
စုစုပေါင်း ၇၉- သိန်း
🌷🌷🌷🌷🌷🌷🌷🌷🌷

ရှင်ပြုနားသအလှူအတွက်

အသုံးစာရင်း

ဘုန်းကြီးလှူရံ ၂-သိန်း (အပါး ၂၀/ တစ်ပါး ၁၀,၀၀၀ )
ဧည့်ခံကျွေးမွေး ၇-သိန်း
———
စုစုပေါင်း ၉-သိန်း

ရှင်ပြုပွဲအတွက်အနှစ်သာရက

၁။ ဦးခေါင်းရိတ် (သုံးမရတဲ့ကော်ဓားတွေအစား ဂျုတ်နဲ့ဘလိတ်ဓား အစားထိုးသင့်)
၂။ သင်္ကန်းဝတ် (ဖွားဖက်တော်အတိုင်းသားမြင်နေရတဲ့ ပိတ်ကြဲသင်္ကန်းမဖြစ်သင့်)
၃။ သရဏဂုံသုံးပါးဆောက်တည် (သရဏဂုံကို ပီပီသသမဆိုတတ်သေးရင် ရှင်ပြုမပေးသင့်၊ နို့တောင်မပြတ်သေးတဲ့ကလေးကို ရှင်ပြုမပေးသင့်၊
သင်္ကန်းဝတ်နဲ့နို့စို့တာ ကြည့်မကောင်း😁)

ရှင်ပြုနားသအလှူတော်အတွက်အမှန်တကယ်လိုအပ်တာက

သင်္ကန်း ၃-သောင်း
သပိတ် ၈-ထောင်
ဂျုတ်/ဓား ၄-ထောင်
ခါးပန်းကြိုး ၁-ထောင်
ဆွမ်း ၅-ထောင်(တစ်အုပ်စာ)
ဘောဇဉ် ၂-ထောင်
စုစုပေါင်း ၅-သောင်း

အလုပ်ကြမ်းသမား တစ်နေ့စာလုပ်အားခ
၈-ထောင်၊ ၇-ရက်စုလိုက်တာနဲ့ ရှင်ပြုလို့ရပြီ)

ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲရဲ့ရလာဒ်

ရှင်အပါး ၂၀-မှာ တစ်ပါးမျှ သာသနာအတွက်မကျန်
ကူငွေ လှူငွေမကိုက်တော့ အကြွေးတင်၊
အနှစ်ရတာက ၅-ကျပ်သား၊ အကာတွေရသွားတာက ၅-ပိဿာ

ရသေ့စိတ်ဖြေ

မြန်မာပြည်မှာ ရှင်ပြုပွဲတစ်ရာရှိလို့သာသနာအတွက်
ရှင်ဆယ်ပါးကျန်ရင် ကျေနပ်ပြီ…..

ဒါပါပဲ၊ မြန်မာပြည်က ရှင်ပြုနားသအလှူဆိုတာ………..