ဘယ်တော့မှမမေ့သင့်တဲ့ (၃၅) ချက်

(၁) အစားထိုးမရတဲ့ ဆုံးရှုံးမှု (၂)ခု ရှိတယ်။
မိဘနှင့်အချိန်။

(၂) လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဟာ အလုပ်လုပ်ခြင်းပဲ။

(၃) ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်။

(၄) မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ။

(၅) နှေးတာ အရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးတယ်။

(၆) လိုသလောက် မရနိုင်ပေမယ့်
လုပ်သလောက်တော့ ရနိုင်ပါတယ်။
(၇) မေ့တယ်ဆိုတာ မလေးစားလို့၊
ကြောက်တယ်ဆိုတာ မခိုင်လုံလို့။

(၈) အလုပ်မလုပ်ပဲ အခွင့်အရေး မရချင်ပါနှင့်။

(၉) မနာလို မဖြစ်ပါနဲ့၊ လုပ်တဲ့လူက နေရာရမှာပဲ။

(၁၀) လူတစ်ယောက်၏ အကျင့်စာရိတ္တသည်
ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်။

(၁၁) စာရိတ္တကောင်းရင် နောက်ကြောင်းရှင်းတယ်။

(၁၂) မခိုင်းဘဲလုပ်တာ သခင်၊ ခိုင်းမှ လုပ်တာ ကျွန်။

(၁၃) မျှော်လင့်ချက်သာရှိပါစေ ဘဝဆိုတာ
ရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။

(၁၄) သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။

(၁၅) လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘဝရဲ့သီအိုရီမှာ
အသေးအဖွဲ့ဆိုတာ မရှိပါဘူး။

(၁၆) ယုံကြည်မှုရှိမှ အရာရာတိုင်းကို
ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့ သတ္တိရှိမှာပါ ။
(၁၇) မစဉ်းစားပဲလုပ်လိုက်တာ မှန်သွားရင်တောင်
အကြိမ်တစ်ရာမှာ တစ်ခါလောက်ပဲဖြစ်မှာပါ ။

(၁၈) ဖန်ခွက်ထဲမှာ ရေတစ်စက်ရှိတာဟာ
လုံးဝမရှိတာထက်စာရင် တော်ပါသေးတယ် ။

(၁၉) ကံတရားပါကွာ လို့ပြောနေသရွေ့
ဉာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။

(၂၀) စေတနာသည် ကံတရား၏ အရင်းအမြစ်ဖြစ်သည်။

(၂၁) သံသယပျောက်စေဖို့
အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။

(၂၂) ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့
မင်းဟာလူမိုက်ပဲ ။
(၂၃) ကံကြမ္မာဆိုတာလူတစ်ယောက်ရဲ့
စိတ်ဓာတ်ကိုတောင် ပြောင်းလဲပစ်နိုင်တယ် ။

(၂၄) လိုအပ်တဲ့အခြေနေတွေ အားလုံးပြည့်စုံမှ
အလုပ်လုပ်မယ်ဆိုပြီး ထိုင်စောင့်နေတဲ့သူဟာ
အလကားအချိန်ဖြုန်းနေတာပါပဲ။

(၂၅) လူတိုင်းဟာ အမှားနဲ့မကင်းပေမဲ့
ခဏခဏတော့မမှားသင့်ဘူးလေ ။

(၂၆) ဘဝဆိုတာ ပညာရေးဖြစ်ပြီး
လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ ။

(၂၇) ဒုက္ခအနီးတွင် သုခရှိ၏ ။

(၂၈) ဘဝမြင့်သွားပေမဲ့ ဘဝင်မမြင့်ပါစေနဲ့ ။

(၂၉) ရိုးသာမှုကိုထိခိုက်လာရင်
မာနဆိုတဲ့လက်နက်ကို ထုတ်သုံးရလိမ့်မယ် ။
(၃၀) ဘဝဆိုတာ အစမ်းသဘောအဖြစ်
နေထိုင်ခွင့်မရှိတဲ့ အရာပါ ။

(၃၁) ပျက်စီးခြင်းတွေထဲမှာ ဆုံးရှုံးမှုအများဆုံးကတော့
စိတ်ဓာတ်ပျက်စီးခြင်းပါပဲ ။

(၃၂) အချစ်တွက်နဲ့ အသက်ပင်သေသေဆိုပြီး
ဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပါပဲ ။

(၃၃) နားလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာ
မွေးဖွားနေဦးမှာပဲ ။

(၃၄) ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ
အပြုံးဟာအခြေခံအကျဆုံးအရာပါပဲ ။

(၃၅) ဒေါသရဲ့နောက်ကွယ်မှာ
အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ ။