ဒေါသကို ရှေ့တမ်းမတင်ပါနဲ့

ဒေါသကြောင့်
မေတ္တာတရားတွေနဲ့ ဖွဲစည်းထားတဲ့
ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုလေးကို
တခဏအတွင်း ပြိုလဲပျက်ဆီးသွားစေနိုင်တယ် ။

ဒေါသကြောင့်
သံယောဇဉ်တွေနဲ့တည်ဆောက်ထားတဲ့
ချစ်ခင်ရတဲ့ သူငယ်ချင်းတွေကို
အဝေးဆုံးကို ထွက်ခွါသွားစေနိုင်တယ် ။

ဒေါသကြောင့်
အချိန်တွေပေးပြီး ကြိုးစားထားတဲ့
အောင်မြင်မှုတွေ ပိုင်ဆိုင်မှုတွေကို
လက်ဗလာအဖြစ်သို့ ရောက်ရှိသွားစေနိုင်တယ်။

ဘဝကို
အေးချမ်းစွာဖြတ်သန်းချင်ပေမယ့်
ဒေါသကြောင့်
ပူလောင်မှုတွေနဲ့ပဲ ဖြတ်သန်းရလိမ့်မယ် ။

ဒေါသဟာ
ကောင်းတဲ့အရာမှန်သမျှ
ဘယ်အရာကိုမှ ဖန်တီးမပေးနိုင်ဘူး
ကောင်းတဲ့အရာမှန်သမျှအကုန်လုံးကို
တခဏအတွင်းဖျက်ဆီးပြစ်နိုင်တယ် ။

ဒါကြောင့်
မိမိဘဝကို တန်ဖိုးထားတယ်
မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တယ်
ချစ်ခင်ရတဲ့သူတွေနဲ့ မခွဲခါချင်ဘူးဆိုရင်
ဒေါသကို ရှေ့တမ်းမတင်ပါနဲ့
ဒေါသကို လျှော့ချနိုင်သမျှ လျှော့ချပါ ။

🙏အရှင်ဇဝန (ရွှေကုန်းမြေ)🙏