မြန်မာစာသင်ဖို့ နိုင်ငံခြားကျောင်းသားကျောင်းသူ ၁၀၀ကျော် လာရောက်သင်ကြားမယ်

မြန်မာပြည်တွင်းမှာ မြန်မာစာဘာသာရပ်ကို လာရောက်သင်ကြားဖို့ နိုင်ငံခြားဘာသာတက္ကသိုလ်ကို ချိတ်ဆက်ထားတဲ့ နိုင်ငံရပ်ခြားကကျောင်းသားကျောင်းသူပေါင်း ၁၀၀ကျော်ရှိနေကြောင်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မြန်မာစာဌာနကနေသိရပါတယ်။

လာမယ့်ပညာသင်နှစ်မှာ မြန်မာစာဘာသာရပ်ကို သင်ကြားဖို့ချိတ်ဆက်တဲ့ နိုင်ငံရပ်ခြားကကျောင်းသားတွေဟာ ၎င်းတို့ရဲ့နိုင်ငံနဲ့မြန်မာကတက္ကသိုလ်တို့ နိုင်ငံအချင်းချင်း ချိတ်ဆက်တဲ့ တက္ကသိုလ်ကျောင်းတွေကတစ်ဆင့်လာရောက်ပညာသင်ဖို့ ချိတ်ဆက်တာဖြစ်သလို ပြင်ပကနေပဲ စိတ်ပါဝင်စားတဲ့ ပုဂ္ဂလိက ဘက်က လာရောက်ချိတ်ဆက်ကာ မြန်မာစာဘာသာရပ်ကို တက်ရောက်သူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံက နိုင်ငံခြားဘာသာတက္ကသိုလ်တွေက မြန်မာစာဌာနတွေမှာ ယခင်ကတည်းက ချိတ်ဆက်သင်ကြားကြတဲ့ကျောင်းသားကျောင်းသူအရေအတွက်ဟာ ကိုဗစ်ကာလမတိုင်ခင်ကအရေအတွက် ၂၀၀နီးပါးအထိရှိခဲ့ပြီး နောက် တက်ရောက်ကြတဲ့ကျောင်းသားကျောင်းသူအရေအတွက် လျော့ကျလာတယ်လို့သိရပါတယ်။