ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်က နေအိမ်တစ်ခုမှာ ဓားပြတိုက်ခံရမှု ဖြစ်ပွား

စက်တင်ဘာ ၉ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်က နေအိမ်တစ်ခုမှာ ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယနေ့ စက်တင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ရွှေပြည်သာမြိုနယ်၊ (၉)ရပ်ကွက်၊မြမာလာ(၃)လမ်း၊အမှတ်(၇၃/ခ)နေအိမ်ကို အမျိုးသား ၆ ဦး ရောက်လာပြီး ဓားပြတိုက်သွားတာလို့ ပြောပါတယ်။

အဆိုပါ နေအိမ်တွင် လေဖြတ်နေသည့် အမျိုးသား ၁ ဦးနဲ့ အသက် ၆၀ ကျော် အမျိုးသမီးတို့ ၂ ဦးတည်းရှိနေစဉ် ဦးထုတ်ဆောင်းပြီး Maskတပ်ထားတဲ့ အမျိုးသား ၆ ဦးက အခင်းဖြစ်ပွားရာ ခြံရှေ့ကနေ ခေါ်သဖြင့် အမျိုးသမီးက ထွက်ကြည့်ရာမှ တစ်ဆင့် သေနတ်ဖြင့်ထောက်ကာနေအိမ်အတွင်း ဝင်ပြီး စိန်နှင့်ရွှေထည်များ ကျပ်သိန်း၂၀၀ဖိုးခန့်ကိုဓါးပြတိုက်လုယူသွားတာလို့လည်း ကနဦးသတင်းများအရ သိရပါတယ်။