ကြက်ပေါက်ကလေးများ မီးပေးကာလတွင် လုပ်ဆောင်ရမည့်အချက်များ

မီးပေးအုပ်ဆောင်းအောက်တွင် စကော သို့မဟုတ် ဆန်ကာဖြင့် ၂ ရက် ၃ရက်ခန့် အစာကိုဖြန့်ကြဲကျွေးပေးပါ။
အစာလုံလုံလောက်လောက်ထားပေးရမည်။
ရက်သားမှစ၍ သုံးပတ်သားအထိ ချေးဖြူရောဂါမဖြစ်စေရန် အစာ(သို့) ရေအတွင်း ဆေးများ ထည့်ကျွေးရမည်။
ယိုင်ကို အစာခွက်၊ ရေခွက်မှ တစ်ပေသာသာတွင် ဝိုင်းရံကာထားပေးရမည်။
ယိုင်ကို အပတ်စဉ် အနောက်သို့ဆုတ်ပေးရမည်ဖြစ်ပြီး ရက်သတ္တပတ် ၂ ပတ်ကြာတွင် ယိုင်သည် ၁၀*၁၂ ပေ
အခန့်ထောင့်များကိုသာကာရန် လိုအပ်ပေတော့သည်။
၃ ပတ်သားမှစတင်၍ အစာစိမ်းအနည်းငယ်စီစတင်ကျွေးနိုင်သည်။ များများကျွေးလျှင် ဝမ်းလျှောတတ်သည်။
တဖြည်းဖြည်းတိုး၍ ကျွေးသွားပေးဖို့လိုအပ်ပါသည်။
၄ ပတ်သားတွင် ကြက်ငယ်လိုအပ်သည့် အစာများလုံလုံလောက်လောက်ထည့်ပေးနိုင်ရန် ၃ပေ အစာခွက် ၅ခုနှင့်
၁ ဂါလံဆန့် ရေခွက် ၄ ခုလိုအပ်သည်။ ရေသန့်သန့်တိုက်ပေးပြီး အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်၊
သတ္တုဓာတ်ပြည့်စုံသော အာဟာရတို့ လိုအပ်ပါမည်။
၂ ပတ်သားတွင် ကြက်လည်လိမ်ရောကာကွယ်ဖို့အတွက်  မျက်စဉ်းခတ်ပေးရမည်။ ဆေးရည်အစက်တစ်စက်
ချပေးရမည်။ မျက်ခွံကိုလက်ဖြင့်ဖြဲထားပြီး ဆေးကို မျက်လုံးပေါ်သို့ ချပေးပါ။
ဆေးရည်သည် မျက်ခွံအတွင်းဝင်သွားကြောင်း သေချာမှ လက်ကိုဖယ်ခွာပစ်ပါ။
အရည်ဖြင့်ဖုံးထားသော မျက်လုံးသည် အနည်းငယ်လှုပ်သောအခါ အရည်များမျက်ခွံအတွင်း စိမ့်ဝင်သွားမည်ဖြစ်သည်။
ဆေးစိမ့်မဝင်မီ လက်လွတ်လိုက်ပါက ဆေးရည်များအပြင်သို့ ထွက်ကျသွား၍ အာနိသင်ထိရောက်မည်မဟုတ်ပါ။
အထက်ပါ လုပ်ဆောင်ရမည့်အချက်များဖြင့် ကိုယ့်ကြက်ပေါက် မီးပေးကာလကို ကောင်းမွန်စွာဖြတ်ကျော်နိုင်ကြပါစေ။
(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြသည်)