ကမ္ဘာ့ပထမဦးဆုံးဝေရောစနကျောက်စိမ်းစေတီတော်မြတ်ကြီး

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ဆင်ရွာမြင်းမှူးကျေးရွာအုပ်စု၊ရန်ကုန်
မန္တလေးအမြန်လမ်းမကြီးအထက် ၉ ပေမြင့်ပြီး၊ ၅ ဧကအကျယ်အ၀န်းရှိသော
ကုန်းမြေပေါ်တွင် တည်ထားခြင်းဖြစ်ပါသည်။
ရင်ပြင်တော်အကျယ်အ၀န်းမှာ အလျား ၁၃၃ ပေ ၆ လက်မနှင့် အနံ ၁၃၃ ပေ ၆
လက်မ ကျယ်၀န်းပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းများ
ထွက်ရှိရာ နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံမှလွဲ၍ တခြား
မည်သည့်နိုင်ငံတွင်မှထပ်မံတည်ထားရန်မဖြစ်နိုင်သေးသောထူးခြားသည့်စေတီတော်
မြတ်ကြီးဖြစ်ပါသည်။

21.12.2012 ခုနှစ်တွင် မြေသန့်မင်္ဂလာအခမ်းအနားကိုလည်းကောင်း၊ 23.12.2012
ခုနှစ်တွင် ပန္နက်တော်တင်နှင့် တွင်းတော်၀န်းမင်္ဂလာအခမ်းအနားတို့ကိုကျင်းပပြုလုပ်
ခဲ့ပါသည်။

🀱စတီတော်ကြီး၏ဥာဏ်တော်အမြင့်မှာ ၇၅ ပေ ၆ လက်မ၊ လုံးပတ်တော် ၁၇၆ ပေ၊
ပန်းတင်ခုံမှာ အလျား ၅၂ ပေ ၆ လက်မ၊ အနံ ၅၂ ပေ ၆ လက်မနှင့် အမြင့် ၁၂ ပေ၊
ထီးတော်အမြင့် ၇ ပေ၊ ငှက်ပျောဖူးအမြင့် ၈ ပေ ၆ လက်မအသီးသီးရှိပါသည်။

🌿 စေတီတော်ကြီးကို နိုင်ငံတကာ ကျောက်စိမ်းစျေးကွက်၀င် အရည်အသွေးကောင်းမွန်
သည့်ကျောက်စိမ်းစုစုပေါင်းတန်ချိန် တစ်ထောင်ကျော်ကို အသုံးပြု၍တည်ထားပါ
သည်။အုတ်တစ်ချပ်မျှပါ၀င်ခြင်းမရှိခဲ့ပါ။

ကျောက်စိမ်းအသားကျောက်တန်ချိန် ၈၅၀ အားဌာပနာအဖြစ်ထည့်သွင်းထားပြီး၊
ငှက်ပျောဖူးတော်တွင် အေ အဆင့်ရှိ အရည်ကျောက်စိမ်းများဖြင့်လည်းကောင်း၊
စိန်ဖူးတော်ကြီးကိုလည်း ကျောက်စိမ်းစိန်ဖူးတော်ကြီးဖြင့်သာပူဇော်ထားပါသည်။

ကျောက်စိမ်းသည် …
(၁) လှပခြင်း
(၂) ကြာရှည်ခံခြင်း
(၃) ရှားပါးခြင်း စသည့်အင်္ဂါသုံးရပ်ဖြင့်ပြည့်စုံသည့်အပြင် …

ကျောက်စိမ်းသည် …
သဒ္ဓါရက်ရောခြင်း
ရဲစွမ်းသတ္တိနှင့်ပြည့်စုံခြင်း
တရားမျှတသောစိတ်ဓါတ်ရှိခြင်း
မိမိကိုယ်မိမိနှိမ့်ချသော နိဝါက တရားရှိခြင်း
အသိအလိမ္မာ ဥာဏ်ပညာကြီးမြင့်ခြင်း
ဘေးအန္တရာယ်ကင်းခြင်း
စီးပွားဥစ္စာတိုးခြင်း စသည့်စွမ်းရည်များဖြင့်လည်းပြည့်စုံပါသည်။

ကျောက်စိမ်းသည် ရတနာကိုးပါးအနက်တစ်မျိုးအပါအ၀င်ဖြစ်ပြီး၊သဘာ၀သယံ
ဇာတပစ္စည်းလည်းဖြစ်သောကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများသာမက ကမ္ဘာသူ
ကမ္ဘာသား ကိုးကွယ်ဆည်းကပ်သူ အပေါင်းတို့သည် …

အရာရာတိုးတက်ခြင်း
တောက်ပခြင်း
ထွန်းတောက်ခြင်း
ဂုဏ်သတင်းကျော်ကြားပြည့်စုံခြင်း
ချမ်းသာကြွယ်ဝြခင်း
ဘေးအန္တရာယ်ကင်းရှင်းခြင်း နှင့်
လိုတိုင်းတတိုင်းပြည့်စုံခြင်းစသည့်ဂုဏ်ကျေးဇူးများရရှိနိုင်ပါသည်။

Crd