မင်းဘူး(စကု)မှာ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိ ပညာပေးဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးခြင်းကို ကုလားပါးကျေးရွာဓမ္မာရုံ၌ မတ်လ ၇ ရက်နေ့ ကျင်းပခဲ့ပြီး တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းသူတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးကြသည့် ကမ္ဘာ့နိုင်ငံများအကြောင်း ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်နှင့် ထမ်းဆောင်ရမည့် ကာလအပိုင်းအခြားများကို ဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါတယ်။