၆၈ နှစ်အတွင်း ပထမဆုံးအကြိမ် မကြေပွဲနွှဲကြမယ့် ထရမ့်နဲ့ ဘိုင်ဒင်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း နစ်ကီဟာလေက သူမရဲ့ သမ္မတလောင်းယှဉ်ပြိုင်ရေး မဲဆွယ်စည်းရုံးမှုကို ဗုဒ္ဓဟူးနေ့က ရပ်ဆိုင်းလိုက်တာကြောင့် ထရမ့်နဲ့ ဘိုင်ဒင် တို့ဟာ အမေရိကန်သမ္မတလောင်းယှဉ်ပြိုင်မှုသမိုင်း ၁၉၅၆ ခုနှစ်နောက်ပိုင်း (၆၈- နှစ်အတွင်း)မှာ ပထမဆုံးအကြိမ် မကြေပွဲနွှဲကြရတော့မယ့် အခြေအနေတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

အဲဒီလို ဖြစ်လာခဲ့ပေမယ့်လည်း အသက် ၇၇ နှစ်အရွယ် ထရမ့်နဲ့ ၈၁ နှစ်အရွယ် ဘိုင်ဒန်တို့ နှစ်ဦးစလုံးဟာ မဲဆန္ဒရှင်တွေကြားမှာ ထောက်ခံမှု နည်းပါးကြောင်း အမေရိကန်ရဲ့ သဘောထားစစ်တမ်းတွေက ဖော်ပြနေကြပါတယ်။

ဒါကြောင့်မိုလည်း လာမယ့် နိုဝင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ပါတီနှစ်ရပ်ရဲ့ ထောက်ခံသူတွေကြား ရှိနှင့်နေတဲ့ နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေဟာ ပိုမိုနက်ရှိုင်း လာဦးမယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြတယ်လို သိရပါတယ်။ #Crd