ပေါက်မြို့နယ်၊ နဂါးပွက်ကျေးရွာရှိ လူနေအိမ်များအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

နိုဝင်ဘာ ၁၅ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ နဂါးပွက်ကျေးရွာသို့ PDF အကြမ်းဖက်သမားများ၏အဖွဲ့ခေါင်းဆောင် ဦးသန်းနိုင် ဦးစီး အင်အား၂၀ ဦးခန့်က
လက်နက်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင်
လူမဆန်စွာ လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် နံ့သာကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့လို့ သိရပါတယ်..
PDF အကြမ်းဖက်သမားများရဲ့ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နဂါးပွက်ကျေးရွာမှ လူနေအိမ် ၂၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး
စုစုပေါင်းကာလတန်ဖိုး ၉,၆၀၀,၀၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်..