အလွယ်ကူဆုံး မျက်နှာပေါင်းတင်နည်း

မင်မင်လို အလှလည်းကြိုက်တယ်…. ပိုက်ပိုက်လည်း ချွေတာပြီး… အိမ်သုံးပစ္စည်းလေးတွေနဲ့ ….. GLOW စေမယ့် နည်းလေးတွေကို ဒီမင်မင်ချောချောလေးက….. ပျိုပျိုမေတို့အတွက်….. ပြောပြမယ်ရှင့် ……

အဆီပြန်တဲ့ ပျိုပျိုတွေအတွက်……
ကြက်ဥအကာကို မျက်နှာပေါ် လိမ်းပေး နာရီဝက်လောက်ထားပြီး တင်းနေတဲ့မျက်နှာကို ရေနှင့်စင်အောင် ပြန်ဆေးပါ။ (သုံးနေကြ..မျက်နှာသစ်ဆေးလေးနဲ့ပြန်သစ်ပေး…..)

အသားအရေခြောက်တဲ့ အချောလေးတွေအတွက်….

ခရမ်းချဉ်သီးအမှည့်ကို အလယ်ကနေ အကွင်းပြားလေး မထူမပါးလှီး သကြားနဲ့လူးပြီး မျက်နှာပေါ် အနှံ့ ခရမ်းချဉ်သီးအရည် အကုန်ကြေသည်အထိလိမ်း ၁ဝ မိနစ်ခန့်ထားပြီးဆေး ပေးလိုက်ယုံပဲ။

အိုခေ (ခ)

ကဲ ဘယ်အသားအရေမဆို သုံးလို့ရတဲ့နည်း…..
လက်ဖက်ခြောက်ကို ရေနွေးနဲ့ဖျော်ပြီး လက်ဖက်အရောင်ကျပြီး နောက်တဲ့ အထိထား။ အရောင်ကျနေတဲ့ လက်ဖက်ရည်ကြမ်းကို မွှေပြီး ရေခဲတုံးပြုလုပ်တဲ့ ခွက်အကန့်လေးထဲသို့လောင်းထည့်။ ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ပြီး နောက်တစ်နေ့ ရေခဲတုံးဖြစ်တဲ့ အထိစောင့်ပါ။ နောက်တစ်နေ့ ရေခဲသေတ္တာထဲကနေ လက်ဖက်ခြောက် ရေခဲတုံးလေးတွေကို တစ်နေ့တစ်တုံး ထုတ်ပြီးမျက်နှာသစ်ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပြီးတဲ့ မျက်နှာပေါ်မှာ နေရာအနှံ့ကိုပွတ်တိုက်နိုင်ပါပြီ။

မင်မင်ချောချောလေး ….. ၁ ပတ် ၂ လောက် လုပ်ဖြစ်တဲ့…နည်းလေးကို …. ပြန်လည်ဝေမျှလိုက်ပါပီ။ဆောင်းဝင်လာပြီမို့ …. အချောလေးတို့ ..အားလုံး မိမိအသားအရေ‌ကို … ပိုဂရုစိုက်ကြရမယ်နော်…..