ထိခြင်းငါးပါး ရှိခိုးပုံ (မိန်းကလေများ လေးပါး)

  • လက်အုပ်ကိုပင် ကြာငုံသွင် အရင်ချီလိုက်ပါ
  • လက်အုပ်ကိုပင် နဖူးပြင် ဦးတင်ချီလိုက်ပါ
  • မျက်ခုံးလက်မ ညှို့ဆံစ ထိကြထားကြပါ
  • လက်ချ…ဒူးချ…တံတောင်ချ…နဖူးချကာ ရှိခိုပါ၏ဘုရား…။ ။

“လက်အုပ်ချီခြင်း ကန်တော့ခြင်း”

ကန်တော့ခြင်း အဓိပ္ပါယ်ကတော့……..

  • ကန်-ဆိုတာ တားတဲ့သဘော/ဆီးတဲ့သဘောကို ဆိုလိုပါတယ်
  • တော့-ဆိုတာ ယူတယ်/သိမ်းပိုက်တယ်လို့ ဆိုလိုတာပါ

<<ကန်တော့တယ်ဆိုတာ ကောင်းမြတ်ခြင်းတွေယူဆောင်ပြီး အန္တရာယ်တွေကိုတားဆီးတဲ့သဘောပါ>>

ရဟန်းသံဃာများနဲ့ မိဘဆရာသမားများကို ရှိခိုးကန်တော့တဲ့အခါမှာတော့………

( ၁ ) ယောဂီတဘက်ကို လက်ကန်တော့တင် (((ဘယ်ဘက်ပုခုံးသို့ ပတ်တင်ထားခြင်းကိုဆိုလို)))

( ၂ ) ကြာဖူးငုံပုံသဏ္ဍာန် လက်အုပ်ချီမိုးရှိခိုးရပါတယ်

( ၃ ) ကြီးမြတ်သူရဲ့ ခြေကို လက်နှစ်ဘက်နဲ့ ကိုင်တွယ်ရှိခိုးတာမျိုးလဲ ရပါတယ်

( ၄ ) ချစ်ခင် ကြည်ညို လေးစားသော စိတ်ထားရှိရပါမယ်

( ၅ ) ရိုသေလေးမြတ်သော စိတ်ထားနဲ့ ရှိခိုးရပါမယ်

ထိုင်တဲ့အခါမှာ ယောင်္ကျားလေးဆိုရင် ဆောင့်ကြောင့်ထိုင်ရပြီးမိန်းကလေးဖြစ်က ကျုံ့ကျုံ့လေး ထိုင်ရပါ တယ်.. လက်အုပ်အချမှာ ခပ်ခွဲခွဲလေးထားပြီး လက်နှစ်ဘက်ခွဲထားတဲ့ကြားကို နဖူးချရပါတယ်..

(((ယောင်္ကျားလေးဖြစ်ပါက တံတောင်နဲ့ ဒူးက ထိနေရပါမယ်)))

မိန်းကလေးများကတော့ တံတောင်ဒူးထိဖို့ မလွယ်တဲ့အတွက် မထိလဲရပါတယ်