ငပလီကမ်းခြေ စည်းကားရေးအတွက်အပန်းဖြေနေရာများတိုးချဲ့ ဖွင့်လှစ်မည်

ငပလီကမ်းခြေဟာ ယမန်နှစ် ပွင်းလင်းရာသီတွင် ခရီးသွားများဖြင့် စည်ကားခဲ့ ပါတယ်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ်းခြေတွင် ပထမဆုံးကျင်းပခဲ့သော ဆောင်ဉီးပွဲ၊ မီနီမာရသွန်ပွဲ၊ စက်ဘီးပြိုင်ပွဲ၊ သဲသောင်ပြင်ပန်းပုပြပွဲ၊ ဘောလီဘောပြိုင်ပွဲ များကြောင့် လာရောက်လည်ပတ်မှုများ၊ အပန်းဖြေသူများဖြင့် များပြားခဲ့ပြီး ပြည်တွင်းပို့ဆောင်ရေးနှင့် လေကြောင်းလိုင်းများလည်း လုပ်ငန်းများအဆင်ပြေခဲ့ကြပါတယ်။

ယခုနှစ်မှာလည်း ယမန်နှစ်များထက်ပိုမိုစည်ကားရေးအတွက် ဟိုတယ်များတိုးချဲ့ဆောက်လုပ်ခြင်း၊ ကမ်းခြေသန့်ရှင်းရေး၊ ထိန်းသိမ်းရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် သင်တန်းပို့ချခြင်း၊ ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။  နောက်ထပ်အလည်အပတ်သွားနိုင်တဲ့ မာန်အောင်ကျွန်းနှင့် အခြားသော သာယာလှပသည့်နေရာများကိုလည်း သွားရောက်လည်ပတ်နိုင်ပြီဖြစ်သလို လေယာဉ်လတ်မှတ်များကိုလည်း ကြိုတင်ရောင်းချပေးလျှက်ရှိကြောင်းသိရှိရပါတယ်ရှင်။။။