ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ ကောက်နုတ် ချက်

  • နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်အထိကျင်းပခဲ့။
  • NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့တို့က နိုင်ငံတကာအသိ သက်သေများနှင့် ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြသည့်အပြင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် သမိုင်းဝင်စာချုပ်တစ်ခုဖြစ်။
  • ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂ ဖွဲ့ ထပ်မံပါဝင်လက်မှတ်ရေးထိုးခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေး နွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့နှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့။
  • ဆွေးနွေးပွဲများတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက် ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသောပြည်ထောင်စုတည်ဆောက်မည်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင် အထည်ဖော်မည်ဆိုသည့်အချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင် နိုင်ရေးအတွက် ပုဒ်မများမှ ၂၁ ချက်တို့ကို သဘောတူညီခဲ့။
  • NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာတွင် EAO များ လက်တွေ့ကျကျ ပါဝင်နိုင်ရေးကိုလည်း ဆွေးနွေးလျက်ရှိ