အသေဝနာစ ဗာလာနံ…….

လူမိုက်တွေကို မပေါင်းသင်းရဘူးလို့
မြတ်စွာဘုရားက ဘာကြောင့် ဟောခဲ့တာလဲ၊
လူမိုက်ရဲ့ဓာတ်တွေ ကူးစက်မှာ
စိုးရိမ်လို့ပါတဲ့။

ဓာတ်ဆိုတာ ကူးစက်တတ်တဲ့
သဘောရှိတယ်၊ကောင်းတဲ့ဓာတ်ထက်
မကောင်းတဲ့ဓာတ်က
ကူးစက်ဖို့ ပိုပြီးလွယ်တယ်။

မြတ်စွာဘုရားက-
“ချစ်သားတို့…
ရှင်သာရိပုတ္တရာဟာ ဉာဏ်ကြီးတယ်၊
အဲဒီလိုပဲ သူ့ရဲ့တပည့်တွေကလည်း
ဉာဏ်ကြီးတယ်၊
ရှင်မောက္ကလန်ဟာ တန်ခိုးကြီးတယ်၊
အဲဒီလိုပဲ သူ့တပည့်တွေကလည်း
တန်ခိုးကြီးတယ်”တဲ့။

ရှင်ဒေဝဒတ်ဟာ
အလိုဆိုးဝါးစွာရှိသလို
သူ့ရဲ့တပည့်တွေ၊
သူ့ရဲ့အပေါင်းအသင်းတွေကလည်း
အလိုဆိုးရှိကြတဲ့ ပုဂ္ဂိုလ်တွေချည်းပဲတဲ့။

ပရိတ်သတ်ရေ၊ ဓာတ်ဆိုတာ
တူရာကိုစုတတ်တဲ့ သဘောရှိတယ်

ကူးစက်တတ်တဲ့ သဘောလည်းရှိတယ်၊
ကောင်းတဲ့ဖက်ကို ကူးတတ်သလို
မကောင်းတဲ့ဘက်လည်း ကူးတတ်တယ်၊
လူအချင်းချင်း ကူးတတ်သလို
တိရစ္ဆာန်ကိုလည်း ကူးတတ်တယ်နော်။

ဇာတ်တော်တစ်ခုမှာ-
ဘုရင်မင်းမြတ်ရဲ့
အလွန်ကောင်းတဲ့ မင်္ဂလာမြင်းက
အကောင်းကနေ ခြေခွင်လာတယ်၊
ဆေးသမားတွေနဲ့ ကုပေမဲ့
ခြေခွင်တာက မပျောက်ဘူးတဲ့။

အဲဒီမှာ
ဘုရားလောင်းပညာရှိအမတ်ကြီးက
ခြေခွင်နေတဲ့ မြင်းထိန်းနေရာမှာ
ခြေမခွင်တဲ့ မြင်းထိန်းသမားကို
လူစားလဲပေးလိုက်တော့မှ
မြင်းရဲ့ခြေထောက်က တည့်သွားတယ်တဲ့။

မြတ်စွာဘုရားက
လူမိုက်ရဲ့အင်္ဂါရပ်(၃)မျိုးရှိတယ်တဲ့-
(၁) မကောင်းတာကို လုပ်တတ်တယ်။
(၂) မကောင်းတာကို ပြောတတ်တယ်။
(၃) မကောင်းတာကို တွေးကြံတတ်တယ်။

လူမိုက်ဆိုတာ မကောင်းတာကို
လုပ်ရင်း ပြောရင်း တွေးရင်းနဲ့
လက်ရှိဘဝ အကျိူ းစီးပွားကိုလည်း
ပျက်စီးစေတယ်၊ ဒါ့အပြင်
နောင်သံသရာ အကျိူ းစီးပွားကိုလည်း
ကြိုတင်ပြီး ဖျက်ဆီးထားတယ်တဲ့။

ဒါကြောင့်
လူမိုက်နဲ့မပေါင်းဖို့ အရေးကြီးသလို
လူမိုက်ရဲ့အင်္ဂါရပ်တွေဖြစ်တဲ့
မကောင်းတဲ့ အပြောတွေ၊ အတွေးတွေ
မိမိသန္တာန်မှာ ရောက်မလာဖြစ်ဖို့
အရေးကြီးတယ်နော်။

crd🙏🙏🙏🙏