မကြာခင်ရောက်လာတော့မယ့် ခရစ်စမတ်နဲ့ New Year ပွဲတွေအတွက် အလွယ်တကူ Army rum cocktail

ကော့တေးဆိုတာကတော့ အသီးအနှံတွေ၊ အချိုရည်တွေနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အရည်တို့ကို ရောစပ်ပြီး သောက်သုံးကြတဲ့ သောက်စရာတမျိုးပါနော်…

Army rum cocktail အတွက် လိုအပ်သောအမယ်များ …….

(ဆားငံသီးဖျော်ရည်အနှစ်သည်အကောင်းဆုံးဖြစ်သည်) သံပုရာသီး နှင့် ရေသာဖြစ်သည်။ ငါးကြင်းဖန်ခွက်အရွယ် ကော့တေးတစ်ခွက်အတွက် Army rum ၂ပက သစ်သီးဖျော်ရည်နှစ် ၁ပက် သံပုရာသီးတစ်စိတ် အားထည့်ကာ ရေအပြည့်ဖြည့်ပြီး သမအောင်မွှေပါက လွယ်ကူသော အာမီကော့တေးတစ်ခွက်ဖြစ်သည်။ ဆားငံသီးအနှစ်မရမက သံပုရာရည် နာနတ်ရည်သုံးနိုင်သည်။ အရသာအားဖြင့် အဝင်အနည်းငယ်သက်သာစေပြီး ဆားငံသီး၏ အငန်အရသာ သံပုရာသီး၏ လတ်ဆတ်မှုတို့အားအပြည့်အဝခံစားစေပြီး ….ကျန်းမာရေးအတွက်လည်းကောင်းမွန်။

မင်မင်ရဲ့ နောက်တနည်းကတော့…..

  • သကြားရည်၊
  • ဆား
  • ပူစီနံရွက်၊
  • သံပုရာသီးစိတ်နဲ့ ပန်းသီး (မိမိနှစ်သက်ရာ အသီးများ မျိုးစုံထည့်နိုင်) တို့ကို အလုံပိတ်ဘူးထဲ ထည့်ပြီး ခလောက်ပေးပါ။ ရေခဲ၊ ကိုကာကိုလာ (သို့) စပရိုက်နဲ့ အာမီလေးကို သီးခြားထည့်ပြီး ခလောက်ပေးပါ။
  • ပြီးရင်တော့ ခလောက်ထားတာတွေကို ဖန်ခွက်တခွက်ထဲရောထည့်ပြီး ရေခဲအနည်းငယ်နဲ့ ဆိုဒါတို့ထည့်ပြီး သောက်သုံးနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီနည်းလေးက အသီးအနှံများဖြင့် ပြုလုပ်ထားလို့ ချိုအေးမွှေး….မဆိုသလောက်ခါးသက်သက်နဲ့မို့… လေဒီလေးတွေအတွက် အဝင်မဆိုးစေဘဲ … ကျန်းမာရေးနဲ့ပါညီညွတ်…..