ညောင်လေးပင်မြို့နယ်မှာ KNU နဲ့ PDF တွေက နေအိမ်တစ်လုံးကို မီးရှို့ ၍ လူပါသတ်သွား

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြိုနယ်၊ ပုဇွန်မြောင်းကျေးရွာ၌ ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က ၎င်းရွာရှိ ရာအိမ်မှူး ဦးမြင့်ဦး၏ နေအိမ်တစ်လုံးကို KNU အဖွဲမှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အကြမ်ဖက်အင်အား (၃၀)ဦးခန့်က အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းအိမ်ရှိ အမျိုးသား ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ ညောင်လေးပင်မြိုနယ်၊ ပုဇွန်မြောင်းကျေးရွာနေ ဦးပေါ်ဦး (၄၅) နှစ်ဆိုသူဖြစ်ပြီး ရာအိမ်မှူး ဦးမြင့်ဦး၏ နေအိမ်၌ အိမ်စောင့်အဖြစ်လုပ်ကိုင်နေသူဖြစ်ကာ အကြမ်းဖက်သမားများ၏ မီးရှို့သတ်ဖြတ်သတ်ဖြတ်မှုကြောင့် မီးလောင်ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါမီးရှို့မှုကြောင့် ဦးမြင့်ဦး ပိုင်ဆိုင်သော သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ ခြေတံရှည် ၁ ထပ်နေအိမ် ၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးကြောင်း သိရသည်။