၂၀၄၀ ခုနှစ်တွင် လပေါ်ခြေချနိုင်ရန် အိန္ဒိယမျှော်မှန်း

အိန္ဒိယအာကာသယာဉ်မှူးများအား ၂၀၄၀ ခုနှစ်တွင် လမျက်နှာပြင်ပေါ်သို့ ခြေချနိုင်ရန် အိန္ဒိယအစိုးရက မျှော်မှန်းထားကြောင်းသိရသည်။

ထို့အပြင် ကမ္ဘာကိုပတ်နေမည့် အာကာသစခန်းတစ်ခုကို ၂၀၃၅ ခုနှစ်တွင် တည်ဆောက်ရန်ကိုလည်း စီစဉ်နေသည်။