သင်္ဘောစိုက်ပျိုးနည်း

သင်္ဘောပင်စိုက်ပျိုးနိုင်သည့် ဒေသများ
သင်္ဘောပင်သည် အပူပိုင်း စားသုံးသီးပင်ဖြစ်၍ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသရှိ တိုင်းပြည်များ တွင်စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင်လည်းနေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။

သင်္ဘောမျိုးများ–
သင်္ဘောတွင် အဖိုပင် အမပင်နှင့် လိင်စုံပင် အဓိက သုံးမျိုးရှိပါသည်။အဖိုပင်မှ အသီးသီးသည်ကို တွေ့ရခဲလှပါသည်။ အမနှင့် လိင်စုံပင်များမှသာ အသီးသီးလေ့ရှိပါသည်။

အဖိုပင် = အဖိုပင်မှာ များသောအားဖြင့် ပန်းပွင့်စောထွက်လေ့ရှိပြီး အခိုင်လိုက် ပွင့်ပါသည်။အဖိုပင်မှ ပုံမှန်အားဖြင့် အသီးသီးလေ့မရှိသော်လည်း အပင်ကို ထိခိုက်ဒဏ်ရာရခြင်း ထိပ်ပိုင်း ဖြတ်ပေးခြင်းဖြင့် အဖိုပွင့်များကြားတွင် အမပွင့်များပြောင်းလာကာ အသီးငယ်များ သီးလာ တတ် သည်။ ဤအပင်ကိုသင်္ဘောပဒေသာ ဟုခေါ်သည်။

အမပင် = အမပင်သည် ပွင့်၍ သီးလေ့ရှိသည်။ထိုကြောင့် မျိုးအောင်ရန် အတွက် အခြားအပင် မှဝတ်မှုန် ကူးပေးရသည် ။ ရာသီဥတု မြေပြောင်းလဲခြင်းကြောင့် အပွင့်သဘာဝ ပုံသဏ္ဍန် ပြောင်းလဲမှုမရှိပေ။

လိင်စုံပင် = အပွင့် ပွင့်ရာတွင် ပွင့်တံ တစ်ခုမှ အပွင့်နှစ်ပွင့် သုံးပွင့် ပွင့်တတ်သည်။ အပွင့် များ တွင် အဖိုပွင့်နှင့် အမပွင့် များရောပါ တတ်သည်။

(သင်္ဘောပင် ပျိုးထောင်နည်း)

သင်္ဘောပင်ပျိုးထောင်ရန်အတွက် ပျိုးဘောင် ပျိုးခြင်း ပလတ်စတစ်အိတ် ပုံး ခွက် စသည်တို့ကို အသုံးပြုနိုင်ပါသည်။

ပျိုးထောင်မည့်မြေသည် နွားချေးဆွေး သဲ မြေကြီးတို့ကို ဆတူရောမွှေထားသော မြေမျိုးဖြစ်ရ ပါမည် ။ သင်္ဘောစေ့ကို ပျိုးထောင်ရာတွင်မြေနက်နက် ဖုံးမိလျှင် အစေ့ပုတ် သွားပြီး အပင်ပေါက် ညံ့ဖျင်းတတ်သည်။ အစေ့ကိုမြေပါးပါးလောက်ပဲ ဖုံးပါ အပေါ်မှကောက်ရိုး ပါးပါးဖုံးအုပ်ထားပါ ။ ရေလောင်းပေးပါ ကောက်ရိုးပါးပါး အုပ်မှလောင်းသည့်အခါ အစေ့များပေါ်မလာအောင် ပါ ထိန်း ရင်း အပူဒဏ်လည်း ကာကွယ်ပြီးသားဖြစ်ပါတယ် ။


သင်္ဘောပျိုးထောင်သူ တစ်ချို့က ပျိုးထောင်ရာတွင် သွပ်ပြားကိုအောက်ခံပြီးမှ ယင်းအပေါ်မြေ သားလေး လက်မခန့် အထူထည့်၍ ပျိုးထောင်လေ့ရှိသည်။ အဖိုသည် အမပင်ထက် ပိုမို သန် စွမ်းသောကြောင့် အမြစ်သည်အောက်တွင် ခံထားသော သွပ်ပြားနှင့်မြန်ုမြန် ထိလွယ်ပေ ရာပြောင်းရွှေ့ စိုက်ပျိုးချိန်တွင် အဖိုပင်များသည် ညှိုးနွမ်းလေ့ ရှိသည်။

အဖိုပင်နှင့် အမပင် ခွဲခြားရာတွင် ဤနည်းကို အများဆုံး အသုံးပြုကြသည် ။ပျိုးသက် တစ်လခွဲ မှနှစ်လသားခန့် ရှိလျှင်စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည်။ ပျိုးအိပ်ဖြင့် လည်း တစ်ပင်ချင်း စီ ပျိုးနိုင်ပါသည်။

မြေပြုပြင်နည်း

စိုက်ကျင်း တူးမယ့်နေရာတွင် ရေမဝပ်နိုင်သောနေရာဖြစ်ရမည်။ စိုက်ကျင်း တစ်ကျင်းနှင့် တစ်ကျင်း အကွာအဝေးမှာ မျိုးကိုလိုက်၍ 8-12ပေ အထိ ထားသင့်သည်။မိုးများသောဒေသ များတွင် တစ်ပေပတ်လည် ကျင်းတူးသင့်သည်။ စိုက်ကျင်း တစ်ကျင်းတွင်နွားချေးဆွေး သို့ သစ်ရွက်ဆွေးမြေသြဇာ စသည့် သဘာဝမြေသြဇာများကို ခွဲတောင်းတစ်လုံးခန့် ထည့်ပေး သင့်သည်။

သင်္ဘောပင်ကို စိုက်ပျိုးရာတွင် လေးကွက်ကျား စနစ်ဖြင့် စိုက်ပါက အပင်အရေအတွက် 15 ရာခိုင်နှုန်း ပိုဝင်သည်။ လေးကွက်ကျား စနစ်ဖြင့် ရှစ်ပေ × ရှစ်ပေ အကွာစိုက်ပါက တစ်ဧက တွင်သင်္ဘောပင် 680 ခန့် ဝင်၍ 12ပေ×12ပေ အကွာစိုက်လျှင်တစ်ဧကတွင် 301 ပင် ဝင် ဆန့်မည်။

ရွေ့ပြောင်းစိုက်ပျိုးနည်း

အသင်ပြင်ထားသော စိုက်ကျင်းများ၌ လိင်စုံပင်များကို တစ်ကျင်းလျှင် တစ်ပင်ကျ စိုက်၍ အဖို အမ မသေချာသည့် ရိုးရိုးပင်ဖြစ်ပါက တစ်ကျင်းလျှငိနှစ်ပင်ကျ စိုက်ရမည်။

သတိပြုရန် .. စည်ပိုင်းကိုမြေထဲမြုတ်အောင် မစိုက်မိရန်ဖြစ်သည်။စိုက်ပြီးလျှင်ရေကို ဝအောင် လောင်းပေးရသည် ။ ပျိုးမထောင်ပဲ အပင်ကို တိုက်ရိုက် စိုက်မည်ဆိုလျှင် စိုက်ကျင်းထဲသို့ အစေ့ များ ထည့်၍ စိုက်ပျိုးရသည်။

စီးပွားဖြစ် စိုက်ခင်းအနေဖြင့် စိုက်ပါက ဝတ်မှုန် ကူးရန်အတွက် အမပင် 20 လျှင် အဖို တစ်ပင်နှုန်း ထားပေးရသည်။ ရေမဝပ်စေရန် သတိထားရမည်။

(မြေသြဇာကျွေးနည်း)

ရွှေ့ပြောင်းစိုက်ပြီး အမြစ်စွဲံဲသည့် အချိန်မှစ၍ 6 လ တစ်ကြိမ် စိုက်ကျင်း တစ်ကျင်းလျှင်နွားချေး ဆွေးတစ်တောင်ခန့်ကျွေးရပါသည် ။ နွားချေးဆွေးမြေသြဇာ ကျွေးချိန်တွင် တစ်ဧကလျှင် ယူရီးယား 12 ပေါင် တီစူပါ 240ပေါင်နှင့် ပိုတ် 240 ပေါင်နှုန်းကျွေးပေးရသည်။

ဓာက်မြေသြဇာများ ကျွေးရာတွင် အမြစ်များ သွားသည့် အကွာအဝေးထိ အနှံ့ပတ်ကျဲပေးရ သည်။ အမြစ်များသည် အပင်အမြင့်ထက် ပို၍ ရှည်အောင်သွားနိုင်ကြသည်။ဓာက်ပြေသြဇာ ကျွေးပြီးချိန်တွင် ရေဝအောင် လောင်းပေးရသည်။

မက်ဂနီဆီယမ် ချို့တည့်သောမြေများတွင် သင်္ဘောပင်အောက်ရွက်များ ဝါကျင်ခြင်း အသီး တွင် သကြားဓာတ် နည်းသွားခြင်းနှင့် အနံ့ အရသာ သိသိသာသာ ညံ့ဖျင်းသွားခြငး်တို့ဖြစ်တတ် သည်။ ထိုသို့ မက်ဂနီစီယမ် ဓာတ် ချို့တည့်မှုဖြစ်ပါက မက်ဂနီစီယမ် ဆာလဖိတ် (ဓာက်ဆား) ကိုရေဖျော်၍ အရွက်များပေါ်နှံ့အောင်ဖျန်းပေးရပါသည်။

(ဆွတ်ခူးခြင်းနှင့် အထွက်)

စိုက်ခင်းသိုပြောင်းရွေ့ စိုက်ပျိုးပြီးလေးငါး လ ကြာလျှင် ပန်းစပွင့်၍ ခြောက်လကြာလျှင် အသီး စတင် သီးသည် သုံးနှစ်သား အရွယ်ထိ အသီးအထွက်ကောင်းသည်။

မျိုးကိုလိုက်၍ တစ်ပင်လျှင် အသီး 50 မှ100 အထိသီးနိုင်သည်။ သင်္ဘောပင်များကို လေးကွက် ကျား စနစ်ဖြင့် စိုက်ပါက သင်္ဘောတစ်ပင်သည် ပျမ်းမျှ 70 ခန့်သီးလျှင် တစ်ဧက မှာ အသီးပေါင်း 47600 ရနိုင်သည်။
မှတ်ချက်။ ။ ရေလုံးဝ မဝပ်ရန် အရေးကြီးပါသည် ။

ယခုပြောပြချက်များသည် ယေဘုယျအားဖြင့် ရေးသားခြင်းဖြစ်၍ တစ်ကယ့် လက်တွေ့ စိုက်ပျိုး ရာတွင်နေရာဒေသ အလိုက် စိုက်ပျိုးသူများမှ နည်းလမ်းများ ကွဲလွဲနိုင်ပါသည်။နည်းလမ်း ကောင်းလေး များလည်း အကြံပြုနိုင်ပါသည်။

crd;google